Sql injection attack မိတ်ဆက်

View previous topic View next topic Go down

Sql injection attack မိတ်ဆက်

Post  emolay on Mon Jun 13, 2011 4:26 am

ကျွန်တော် ဒီအကြောင်းအရာကို ရေးချင်နေတာကြာပါပြီ ... အချိန်မအားလပ်တာကြောင့်ရေးမယ်ရေးမယ်နဲ့ ရေးတဲ့ဆီမရောက်ဖြစ်နေတာရယ် ... ဘယ်ဖိုရမ်မှာရေးရမလဲဆိုပြီးစဉ်းစားနေတာရယ်ကြောင့် မရေးဖြစ်ခဲ့ပါဘူး။ အခုတော့ ကျွန်တော့ မိတ်ဆွေကြီး ကိုခန့် ရှိနေတဲ့ ဒီဖိုရမ်မှာပဲ ပထမဆုံး စတင်ရေးလိုက်ပါပြီ ။ topic နေရာ မှားယွင်းနေတယ်ဆိုရင်ဖြင့် တာဝန်ရှိသူတွေက နေရာမှန်ကို ပြောင်းရွှေ့ပေးပါတော့ ။

Sql injection attack ဆိုတာ လက်ရှိ web လောကကို အန္တရယ် အပေးဆုံး code injection attack တမျိုးပါ ။ xss attack ပြီးရင် လူသုံးအများဆုံးလို့  ကျွန်တော်ထင်ပါတယ် ။ ဒီအကြောင်းရေးရတဲ့ ရည်ရွယ်ချက်ကတော့ သူတပါးအကျိုးမဲ့စေရန်မဟုတ်ပဲ မိမိကြုံတွေ့ လာရင် ကာကွယ်နိုင်အောင်ပဲဖြစ်ပါတယ် ။ မြန်မာအချင်းချင်းပြန်ရိုက်မယ့် တုတ်မျိုးတော့ ဖြစ်မှာ ကျွန်တော်ကြောက်ပါတယ်။ ဒီတော့ နည်းပညာတရပ်အနေနဲ့တာ လေ့လာစေချင်တဲ့ ဆန္ဒနဲ့  မျှဝေလိုက်ပါတယ်ခင်ဗျား.............။

ှsql injection ကို သုံးဖို့  တခြားဘာ tool မှ ထွေထွေထူးထူးမလိုပါဘူး ။ browser တခုရှိနေရင်ပဲ ရပါပြီ ။ sql injection attack ကို စတင်လေ့လာတော့မယ်ဆိုရင် sql database နဲ့  query တွေအကြောင်းကို မသိလို့ မဖြစ်ပါဘူး ။ဒါကြောင့် ဒီ အကြောင်းက အရင် စတင်ပါ့မယ် ။

website တခုကို စတင် တည်ဆောက်တော့မယ်ဆိုရင် database ဆိုတာက အရေးကြီးတဲ့ အစိတ်အပိုင်းတခုပါပဲ ။ ဘာလို့ ဆိုတော့ website ရဲ့  data တွေ ၊ user တွေ ၊ post တွေ စတဲ့ အရေးကြီးအချက်အလက်တွေကို စုစည်းထားတဲ့နေရာဖြစ်လို့ပါ။ နောက်အပိုင်းကျမှသေချာရှင်းလင်းပြပါ့မယ် ။ database တခုမှာ table တခုကနေ များစွာ အထိပါဝင်နိုင်ပါတယ် ။ table တခုစီမှာ သက်ဆိုင်ရာ coloum တွေရှိပြီး coloum တခုစီရဲ့အောက်မှာdata တွေပါဝင်တဲ့ row ( တချို့က record လို့ ခေါ်ပါတယ်) တွေရှိပါတယ် ။ ဒီလောက်ပဲ မှတ်ထားပါအုံး ။

ကဲ...sql အကြောင်း စလိုက်ကြရအောင် ။ sql ဆိုတာ sever scripting language တခု ပါ ။ database တခုကို query တွေ သုံးပြီး table တွေကို ဖျက်မယ်၊ ပြင်မယ်၊ထပ်တိုးမယ်။ data တွေကို ဖျက်မယ်၊ပြင်မယ်၊ထပ်တိုးမယ်။ စတာတွေကို sql query တွေသုံးပြီး ပြုပြင်ပြောင်းလဲတဲ့ language တခုပါ ။ ဥပမာ ... vulnerability ရှိနေတဲ့ ဆိုဒ်တခုကို injection ထိုးလို့  ပေါက်ပြီဆိုရင် site admin ရဲ့ acc တွေကိုဖျက်မယ် ပြင်မယ် username နဲ့  password တွေကိုပြင်မယ်၊ အစားထိုးမယ် ။ ဒါတွေကို လုပ်ဆောင်ကြရပါမယ် ။ အဲလိုလုပ်ဆောင်ဖို့ ဆိုရင် အခုပြောမယ့် sql query တွေကိုနားလည်ထားရပါမယ် ။တကယ်လို့  မိမိ site ကို hack ခံထိပြီဆိုပါတော့၊ database ကို ဝင်လို့ ရသေးရင် ဒီ query တွေသုံးပြီး ပြန်ယူနိုင်ပါတယ်။နောက်ဆုံး မိမိဆိုဒ်ကို injection ပြန်ထိုးပြီး ပြန်ယူနိုင်ပါတယ် ။ ဒီတော့ ဒီနေရာကစပြီး သေချာနားလည်အောင် လေ့လာရမှာဖြစ်ပါတယ် ။

SQL select statement ကနေ စကြရအောင် ... အောက်က query လေးကိုကြည့်ပါ ။

select coloum_name
from table_name

ဒါက column တွေကိုပြသအောင်လုပ်တဲ့ query ပါ ။ column_name နေရာမှာ column ရဲ့  အမည်ကို ထည့်ရမှာဖြစ်ပြီး column အားလုံးကိုခေါ်ကြည့်မယ်ဆိုရင် * (ခရေပွင့် သင်္ကေတ) လေးကိုထည့်ပေးပါ ။ဒီကောင်က အားလုံးကိုမှတ်ပါဆိုတဲ့ အဓိပ္ပါယ်ပါ ။ table_name နေရာမှာ table ရဲ့ အမည်ကို ရေးရမှာပါ။

ကျွန်တော်တို့  database က table တခုရဲ့  အမည်က smf_1users ဆိုပါစို့ ဗျာ ။ smf_1users ဆိုတဲ့ table ရဲ့ ကော်လံတွေနဲ့ data တွေကို ခေါ်ကြည့်ချင်တယ်ဆိုရင်.............

select *
from smf_1users

ဒါဆိုရင် smf_1users ဆိုတဲ့ table ရဲ့  ကော်လံ အားလုံးနဲ့ row အားလုံး ကျလာပါလိမ့်မယ် ။လက်တွေ့လုပ်ဆောင်ကြည့်ချင်တယ်ဆိုရင် မိမိ database ရဲ့  php my admin ကိုသွားပါ ။ အဲဒီမှာ query ဆိုတဲ့ tab ကို နှိပ်ပြီး command တွေကို ရေးပြီး လေ့ကျင့်နိုင်ပါတယ် ။ database မရှိတဲ့သူများကတော့ w3school.com မှာလေ့ကျင့်ဖို့ နေရာပေးထားပါတယ်။ အသေးစိတ်လဲရေးသားထားပါတယ် ။web သမားတိုင်း w3school ဆိုရင်သိကြမှာပါ ။ beginner များကတော့ www.w3school.com လို့  ရိုက်ပြီး လေ့လာနိုင်ပါတယ် ။

(ဆက်လက်ရေးသားပါ့မယ် ။ အလုပ်တဖက်နဲ့ဆိုတော့ စာတွေအများကြီးရေးချင်ပေမယ့် မရေးနိုင်တာကိုနားလည်ပေးပါခင်ဗျား )

emolay

Posts : 114
Join date : 2011-06-12
Age : 22

View user profile

Back to top Go down

View previous topic View next topic Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum