ကွန်ပျူတာကပြောသည့် ဘီးဂိတ် စ်

View previous topic View next topic Go down

ကွန်ပျူတာကပြောသည့် ဘီးဂိတ် စ်

Post  emolay on Mon Jun 13, 2011 4:04 am

ကမ္ဘာ့ အချမ်းသာဆုံးစာရင်းဝင် ကွန်ပျူတာပညာရှင် သူးဌေးကြီး ဘီးဂိတ်နှင့်ပတ်သတ်ပြီး ကွန်ပျူတာများက တွက်ချက်ပေးထားသည်မှာ-
-ဘီးဂိတ်သည် တစ်စက္ကန့်တွင် အမေရိကန်ဒေါ်လာ ၂၅၀ ၀င်ငွေရှိသူဖြစ်သည်။ တစ်နေ့မှာ သန်း ၂၀ ၀င်ငွေရှိသူလည်းဖြစ်သည်။ တစ်နှစ်တွင် ၇.၈ ဘီလီယံဖြစ်သည်။
-ဘီးဂိတ်သည် အကယ်၍ ၎င်းလက်ထဲမှ ဒေါ်လာ ၁၀၀၀ တန်တစ်ရွက်ကျသွားခဲ့ပါက ပြန်လည်ကောက်ယူရန်ဆန္ဒရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ကောက်ယူနေသည့် အချိန်တွင်းမှာပင် ၎င်း၏၀င်ငွေမှာဒေါ်လာ ၁၀၀၀ ပြန်လည်ပြည့်သွားမည်ဖြစ်သည်။ -အမေရိကန်၏ အမျိုးသားကြွေးမြီစုစုပေါင်းမှာ ၅.၆ ထရီလျံ ရှိသည်။အကယ်၍များ ဘီးဂိတ်သည် ထိုကြွေးမြီးကို ပေးဆပ်သွားမည်ဆိုပါက ၁၀ နှစ်တာ ကာလအတွင်း ကျေသွားမည်ဖြစ်သည်။
-ကမ္ကာပေါ်ရှိ လူတိုင်းအား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာစီ ပေးဝေခဲ့လျှင် ၎င်းထံတွင် သုံးစွဲရန် ကိုယ်ပိုင်ငွေ ဒေါ်လာ ၅ သန်းကျော်ကျန်ရှိနေဦးမည်ဖြစ်သည်။
-အမေရိကန်မှ ၀င်ငွေအကောင်းဆုံး အားကစားသမားတစ်ဦးဖြစ်သော ကမ္ကာကျော် ဘတ်စကတ်ဘောသမား မိုက်ကယ်ဂျော်ဒန်သည် တစ်နှစ်လျှင် ဒေါ်လာ သန်း ၃၀ ကျော်ဝင်ငွေရှိသူဖြစ်သည်။ ၎င်းသည် နှစ်စဉ်ရရှိသော ၀င်ငွေအား မစားမသောက်ဘဲ အားလုံးကို စုထားနိုင်ပါက ၂၇၇ နှစ်အကြာတွင် ဘီးဂိတ်၏ ဓနကို မီနိုင်မည်ဖြစ်သည်။
-အကယ်၍ ဘီးဂိတ်သာ နိုင်ငံတစ်ခုဖြစ်ပါက ကမ္ကာတွင် ၃၇ ခုမြောက် အချမ်းသာဆုံးနိုင်ငံဖြစ်မည်ဖြစ်ပြီး ကုမဏီတစ်ခုဖြစ်လျှင် အမေရိကန်၌ ၁၃ ခုမြောက်ဓန အင်းအားအကြီးဆုံးကုမဏီတစ်ခုဖြစ်လာမည်။ IBM ကုမဏီထက်ပင် ပိုမိုကြီးမားသူဖြစ်မည်။
-ဘီးဂိတ်၏ ချမ်းသာသောငွေကြေးများအား တစ်ဒေါ်လာတန်ငွေစက္ကူအဖြစ် လဲကာ အရှည်လိုက် သွယ်တန်းခဲ့ပါလျှင် ကမ္ကားမှ လ သို့ အသွားအပြန် ၁၄ ခေါက်စာရှိမည်ဖြစ်သည်။ ထိုသို့သွယ်တန်းနိုင်ရန်မရပ်မနား လုပ်ဆောင်ပါက နှစ်ပေါင်း ၁၄၀၀ ကြာမည်ဖြစ်ပြီး ဘိုးရင်း ၇၄၇ လေယဉ် အစီပေါင်း ၇၁၃ စီးအသုံးပြုကာ သယ်ဆောင်ရမည်ဖြစ်သည်။
-၎င်းသည် ယခုအခါ အသက် ၄၀ ကျော်သာ ရှိသေးသူဖြစ်သည်။၎င်း၏ သက်တမ်းထက်ဝက်ခန့် နေခဲ့ရပြီးသူဖြစ်သည်ဟုယူဆရပါက လက်ရှိ အချိန်မှ ကောင်းကင်ဘုံသို့ မသွားမီကာလဖြစ်သော နောက်ထပ် နှစ်ပေါင်း ၄၀ ခန့်အတွင်း တစ်နေ့လျှင်အမေရိကန် ဒေါ်လာ ၆ သန်းကျော်ခန့် သုံးစွဲသွားပါက ၎င်း၏ဓနအင်အားကုန်မည်ဖြစ်သည်.။
-သို့ရာတွင် Microsoft Windows သုံးစွဲသူတိုင်းက ၎င်းတို့ကွန်ပျူတာ Hang ဖြစ်တိုင်း တစ်ဒေါ်လာစီ ၎င်းထံမှ တောင်းခံခဲ့ပါလျှင် ဘီးဂိတ်သည် သုံးနှစ်အတွင်း ဒေ၀ါလီခံသွားရဖွယ်ရှိသည်။

emolay

Posts : 114
Join date : 2011-06-12
Age : 22

View user profile

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum