အင်တာနက်ဆိုင်များ နည်းပညာလုံခြုံရေးကို သတိထားရန်လိုပြီ

View previous topic View next topic Go down

အင်တာနက်ဆိုင်များ နည်းပညာလုံခြုံရေးကို သတိထားရန်လိုပြီ

Post  emolay on Mon Jun 13, 2011 3:45 am

အင်တာနက်ဆိုင်၌ အသုံးပြု၍ မြန်မာနိုင်ငံ၏ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းများကို နည်းပညာအရ တိုက်ခိုက်သူ(ဟက်ကာ)အချို့ ရှိလာ၍ အင်တာနက်ဆိုင်များအနေဖြင့် ဆိုင်၏ နည်းပညာပိုင်းဆိုင်ရာ လုံခြုံရေးကို အထူးသတိထားရန်လိုကြောင်း နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများကပြောသည်။ ဆိုက်ဘာတိုက်ခိုက်မှု အချို့မှာ ယခင်ကတည်းက ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ပိုမိုပြင်းထန်လာပြီး၊ တိုက်ခိုက်သည့် အကြိမ်ရေ ပိုများလာကြောင်းလည်း သတင်းရရှိသည်။ ယခုလပိုင်းအတွင်း ရတနာပုံတယ်လီပို့အား ရန်ကုန်မြို့ရှိ အများပြည်သူသုံး အင်တာနက်ဆိုင် (PAC-Public Access Center)မှတစ်ဆင့် ဟက်ကာက အင်တာနက်အသုံးပြု၍ တိုက်ခိုကသည့် ဖြစ်ရပ်အချို့ ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် သက်ဆိုင်ရာက အဆိုပါ အင်တာနက်ဆိုင်၏ အိုင်ပီ(အင်တာနက်အသုးံ ပြုသောစက်နံပါတ်)ကို ယာယီပိတ်ထားခဲ့ရပြီး၊ ဆိုင်ရှင်အနေဖြင့်လည်း ဆိုင်တွင် နည်းပညာဆိုင်ရာ လုံခြုံရေးကို ပြန်လည်မြှင့်တင်နေရကြောင်း သတင်းရရှိသည်။

အင်တာနက် လာရောက်သုံးစွဲသူက အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းများကို တိုက်ခိုက်၍ ဆိုင်ခေတ္တပိတ်ထားရသော ရန်မြို့ရှိ အင်တာနက်ဆိုင်ရှင်တစ်ဦးက နောင်တွင် အလားတူဖြစ်ရပ်မျိုး မဖြစ်စေရန် နည်းပညာအကူအညီနှင့် အကြံညဏ်များလိုကြောင်း သူ၏အမြင်ကို အောက်ပါအတိုင်း ပြောသည်။ “လာသုံးတဲ့လူတွေလုပ်တိုင်း ဆိုင်ရှင်တွေ ခံရမယ်ဆိုရင် PACတွေ အကုန်ပိတ်သွားလိမ့်မယ်။ တကယ်တော Hacking(ဆိုက်ဘာတိုက်ခိုက်မှု) လုပ်ဖို့ဆိုတာမလွယ်ဘူး။ အပြင်ကနေပြီးတော့ အတွင်းထဲကလူရဲ့ အိုင်ပီကိုယူပြီး လုပ်တာမျိုး ပိုဖြစ်နိုင်တယ်။ ဆိုင်ရှင်တွေအနေနဲ့တော့ ဒီလိုကိစ္စမျိုးတွေဖြစ်လာရင် သူတို့ဆီက (ISP နှင့် Local ISP တွေထံမှ) နည်းပညာ အကူအညီလိုတယ်။ နောက်တစ်ခါ လာသုံးရင် ကာကွယ်နိုင်အောင် ဘယ်လိုဆော့ဖ်ဝဲတွေ၊ ဟာ့ဒ်ဝဲတွေ တပ်ရမယ်ဆိုတာ အကြံညဏ်တွေလိုပါတယ်။ နည်းပညာဆောင်ရန်၊ ရှောင်ရန်တွေ ပြောထားသင့်တယ်”ဟု အဆိုပါ ဆိုင်ရှင်ကပြောသည်။

ထို့အပြင် ဟက်ကာများမှာ ဆိုင်တစ်ဆိုင်တွင် သုံးစွဲပြီးပါက ထိုဆိုင်သို့ နောက်တစ်ကြိမ် အင်တာနက်လာသုံးပြီး တိုက်ခိုက်ရန် ခဲယဉ်းပြီး အခြားအင်တာနက်ဆိုင်များကို အသုံးပြု၍ တိုက်ခိုက်နိုင်သည့်အတွက် အင်တာနက်ဆိုင်များ အနေဖြင့် ဆိုက်ဘာလုံခြုံရေးကို အထူး သတိပြုသင့်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ၎င်း၏အတွေ့အကြုံနှင့်ယှဉ်၍ အကြံပြုသည်။ “ဆော့ဖ်ဝဲတွေတော့ အများကြီးရှိပါတယ်။ ဒါတွေက စစ်ဖို့လွယ်ပါတယ်။ အကြံပြုချင်တာက သက်ဆိုင်ရာ Network Security (ကွန်ရက်လုံခြုံရေး ကျွမ်းကျင်သူ)က အမြဲစစ်ဆေးသင့်ပါတယ်။ အခုဖြစ်တဲ့ ကိစ္စမှာ အိုင်ပီတင်မကပဲ စက်ကိုပါကြည့်တာမို့ သူတို့ဆီကလာတယ်ဆိုတာ သေချာပါတယ်။ အဲဒီအိုင်ပီတွေလည်း ပိတ်လိုက်ရော တိုက်ခိုက်တာက မရှိတော့ဘူး”ဟု သတင်းအချက်အလက် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ရှင်းပြသည်။ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူမျာအဆိုအရ ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်မည်သူများ အင်တာနက်ဆိုင်သို့ လာရောက်အသုံးပြုခြင်းမှ ကာကွယ်နိုင်ရန်အတွက် နည်းပညာလုံခြုံရေးဆော့ဖ်ဝဲနှင့် ဟာ့ဒ်ဝဲများ တပ်ဆင်ခြင်း၊ ဆိုင်တွင် ကွန်ရက်လုံခြုံမှု ကျွမ်းကျင်သူများ ခန့်အပ်ခြင်း၊ ဆိုင်ရှိ ကွန်ပျူတာများနှင့် ကွန်ရက်လုံခြုံမှုကို အမြဲစစ်ဆေးခြင်း၊ သုံးစွဲသူများ မှတ်တမ်းတင်နိုင်ရန် လုံခြုံရေးကင်မရာ(CCTV)များ တပ်ဆင်ထားခြင်း စသည်တို့ ဆောင်ရွက်သင့်ကြောင်း အကြံပြုကြသည်။

“နည်းပညာလုံခြုံရေးနဲ့ ပတ်သက်ပြီး ဆော့ဖ်ဝဲတွေ၊ ဟာ့ဒ်ဝဲတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ တကယ့်ကျွမ်းကျင်တဲ့သူကျတော့ အဲဒါတွေက မကာကွယ်နိုင်ဘူး။ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ ခန့်ဖို့ဆိုတာကကျတော့ စရိတ်ပိုကုန်မှာရယ်၊ တကယ်ကျွမ်းကျင်တဲ့သူကို ရဖို့မလွယ်ဘူးဆိုတဲ့ အခက်အခဲတွေရှိတယ်။ ကျွန်တော့်အထင် အကောင်းဆုံးကတော့ CCTV တပ်ထားပြီး သုံးတဲ့သူတွေကို မှတ်တမ်းယူထားတာပဲ”ဟု ရန်ကုန်မြို့တွင် ကိုယ်ပိုင်အင်တာနက်ဆိုင် ဖွင်လှစ်ထားသူတစ်ဦးကပြောသည်။ ဦးဇော်မင်းဦးကလည်း အင်တာနက်ဆိုင်များအနေဖြင့် နည်းပညာဆိုင်ရာ လုံခြုံရေးအတွက် အခက်အခဲများရှိခြင်း၊ အကြံဉာဏ်များ ရယူလိုခြင်းများရှိလာပါက ရတနာပုံတယ်လီပို့သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်သည်ဟု ဆိုသည်။ ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင်များတွင် ပြီးခဲ့သည့် နိုဝင်ဘာလလယ်ပိုင်းက စတင်၍ ဆိုင်၏လုံခြုံရေး တိုးမြှင့်နိုင်ရန် CCTV တပ်ဆင်ရန်၊ ၀န်ထမ်းလေးဦးစီ ခန့်အပ်ထားရန်၊ အင်တာနက်သုံးစွဲသူများက အွန်လိုင်းမှ အချက်အလက်များ ဆွဲချခြင်း၊ Update လုပ်ခြင်းများကို ကြည့်ရှုမှတ်သားရန် သက်ဆိုင်ရာက အင်တာနက်ဆိုင်ရှင်များကိုခေါ်၍ အသိပေးခဲ့သေးသည်။

emolay

Posts : 114
Join date : 2011-06-12
Age : 22

View user profile

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum