ထွက်ခွာတော့မည် လီယိုနာဒို နေရာကို ရယူရန် အင်တာမီလန်ဖြင့် စကားပြောနေသည်ဟု ထွက်ပေါ်နေသော သတင်းများကို ငြင်းဆိုသွားသော အင်္ဂလန် နည်းပြ ကာပယ်လို

Go down

ထွက်ခွာတော့မည် လီယိုနာဒို နေရာကို ရယူရန် အင်တာမီလန်ဖြင့် စကားပြောနေသည်ဟု ထွက်ပေါ်နေသော သတင်းများကို ငြင်းဆိုသွားသော အင်္ဂလန် နည်းပြ ကာပယ်လို

Post  ရွှေမန်းမြို့ ကဖိုက်တာ on Sun Jun 19, 2011 11:04 am


အင်္ဂလန် နည်းပြချုပ် ကာပယ်လိုက အင်တာမီလန် အသင်း၏ နည်းပြတာဝန်အား ရယူရန် အင်တာမီလန် တာဝန်ရှိသူများဖြင့် ဆွေးနွေးနေသည်ဟု ထွက်ပေါ်နေသော သတင်းများကို ငြင်းဆိုလိုက်သည်။

လီယိုနာဒိုသည် အထွေထွေ ဒါရိုက်တာ ရာထူးအတွက် PSG အသင်းဖြင့် ပြောဆို ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်သောကြောင့်၊ အင်တာမီလန်က လီယိုနာဒိုနေရာကို အစားထိုးရန်အတွက် ကာပယ်လိုကို အလိုရှိနေသည်။ သို့သော် ကာပယ်လိုက -
"ခုချိန်မှာ ကျွန်တော့်မြေးတွေနဲ့ စပိန်မှာ အနားယူနေတာပါ၊ သူတို့တွေ (မီဒီယာ) ဘာတွေပြောနေကြမှန်း မသိဘူးပဲ၊ ပြီးတော့ ဘာတွေဖြစ်နေမှန်းကို ကျွန်တော် အမှန်တကယ် မသိပါဘူး၊ ကျွန်တော့်မြေးတွေ တီဗွီကြည့်နေတာကို အဖော်ပြုရင်း အပန်းဖြေနေတာပါ" ဟုသတင်းများကို တုန့်ပြန်လိုက်သည်။

ဆက်လက်ပြီး လီယိုနာဒို၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ကာ -
"လီယိုနာဒိုကလည်း သူ့ဘ၀အတွက် သင့်လျော်တဲ့နေရာကို သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ရွေးချယ်သွားတာပါ၊ သူရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်၊ နောက်တစ်ခုက လီယိုနာဒိုကို အေစီမီလန် ကစားသမား တစ်ယောက်ဖြစ်လာအောင် ကျွန်တော်ကပဲ ခေါ်ယူခဲ့တာကို မမေ့ပါနဲ့" ဟု ပြောကြားသွားခဲ့သည်။
avatar
ရွှေမန်းမြို့ ကဖိုက်တာ

Posts : 20
Join date : 2011-06-15
Age : 28

View user profile

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum