အထီးကျန်ခြင်းသည် သင့်ကျန်းမာရေး အတွက် အကြီးဆုံးသော ရန်သူဖြစ်သည်

View previous topic View next topic Go down

အထီးကျန်ခြင်းသည် သင့်ကျန်းမာရေး အတွက် အကြီးဆုံးသော ရန်သူဖြစ်သည်

Post  Admin on Fri Jun 17, 2011 11:20 pm


အထီးကျန်ခြင်း ဆိုတာ ဘယ်သူ တစ်ဦးတစ်ယောက်မှ တကယ်ကို မခံစားနိုင်ဆုံး ခံစားချက်တွေ ထဲက တစ်ခု ဖြစ်ပါတယ်။ ထင်ရှားတဲ့ သိုးဆောင်းစကားပုံလေး တစ်ခု ရှိပါတယ်။ “No man is island.” တဲ့။ “ဘယ်သူမှ ကျွန်းမဟုတ်ဘူး/ ကျွန်းလို အထီးကျန်စွာ ဘယ်သူမှ မနေနိုင်ဘူး” လို့ ဆိုလိုပါတယ်။

လူဆိုတာ အဆင့်အမြင့်ဆုံး သတ္တ၀ါ ဖြစ်ပြီး ဒီသတ္တလောကကြီးထဲမှာ တခြားဘယ်သတ္တ၀ါတွေမှ ပိုင်ပိုင်နိုင်နိုင် မလုပ်နိုင်တဲ့ စကားပြော၍ ပျော်ရွှင်မှု၊ ပေါင်းစည်းမှု၊ ခံစားချက် မျှဝေနိုင်စွမ်းတွေ ပိုင်ဆိုင်ပါတယ်။ဒါတွေမှ မလုပ်ရရင် (ဒါတွေ လုပ်စရာ အသိုင်းအ၀ိုင်းလေး တစ်ခုမှ မရှိရင်) လူအဖြစ်က လျှောကျ သက်ဆင်း နေရသလိုပဲ ခံစားရမှာ သေချာပါတယ်။ (လူပါဆိုမှတော့ မြွေလို တွင်းအောင်းပြီး နှစ်ပေါင်းများစွာ အိပ်ပျော်နေလို့မှ မရတာ)

ဒါတွေထက် အဆိုးဆုံးအချက်က အထီးကျန်ခြင်းဟာ ကျန်းမာရေး အတွက် အကြီးမားဆုံး ရန်သူ ဖြစ်တယ်ဆိုတဲ့ အချက်ကို မကြာသေးမီကမှ ကမ္ဘာ့ကျန်းမာရေး သုတေသီများက ရှာဖွေတွေ့ရှိ သက်သေပြ နိုင်ခဲ့တယ် ဆိုတဲ့ အချက်ပါပဲ။

ဒီနေရာမှာ တကယ့် နေ့စဉ်ဘ၀ထဲက မဟုတ်တဲ့ အင်တာနက် စတဲ့ လူမှုဆက်ဆံရေးမျိုး တွေထဲမှာ သူငယ်ချင်းတွေ များခြင်းကလည်း ဒီလို အထီးကျန်တယ် ဆိုတဲ့ အဖြစ်မှန်ကို တကယ် ဖယ်ရှားပေးခြင်း မလုပ်နိုင်ဘူးလို့ သုတေသီများက အခိုင်အမာ ဆိုပါတယ်။

တကယ့် လက်တွေ့ဘ၀မှာ ဆက်ဆံမယ့်သူ မရှိဘဲ အထီးကျန်နေလို့ အင်တာနက်ထဲမှာ သူငယ်ချင်းတွေ ထားပြီး ငါလဲ သူငယ်ချင်းတွေတော့ ရှိပါသေးတယ်လို့ စိတ်ဖြေ ပျော်ရွှင်နိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ ဘ၀အစစ်ထဲက ရင်းနှီး ချစ်ကြည်မှုမျိုးလို ခိုင်မာတဲ့ စိတ်ပိုင်းဆိုင်ရာ နှောင်တွယ်မှု မရှိဘူးဆိုတာ မေ့ထားပေမယ့်လည်း သင်အသိဥာဏ်ထဲမှာ အမှန်အတိုင်း သိနေလို့ ဒါတွေဟာ အထီးကျန်ခြင်း ဝေဒနာကို ထိရောက်စွာ ကုစားနိုင်ခြင်း မရှိဘူးလို့ သုတေသီများက လေ့လာ တွေ့ရှိထားပါတယ်။

အရီဇိုးနား တက္ကသိုလ်က သုတေသန စာတမ်းမှာ ပါတဲ့ အချက်နှစ်ချက်ကလည်း စိတ်ဝင်စားဖို့ ကောင်းပြီး အထက်က အဆိုကို ထောက်ခံနေပါတယ်။ အပေါ်ယံကြော ခင်မင် ဆက်ဆံမှုတွေဟာ ကောင်းမွန်တဲ့ လူမှုရေး စုဖွဲ့မှုလေးတွေ ဖြစ်လို့ ပျော်စရာ ကောင်းပေမယ့် ဒါတွေဟာလည်း ကျန်းမာရေးကို ဆိုးစေပါတယ်တဲ့။ ဘာလို့လဲ ဆိုတော့ ကိုယ့်မှာ အပေါ်ယံကြော ဆက်ဆံရေးတွေပဲ များနေပြီး ကိုယ့်ကို တကယ် ခင်တွယ်သူ မရှိမှန်း သိနေလို့ ဖြစ်ပါတယ်။ (လူဆိုတာ မျိုးတူသတ္တ၀ါတွေ အများကြီးကြားမှာ နေနေရပေမယ့် အထီးအကျန်တတ်ဆုံး သတ္တ၀ါပဲ ဖြစ်ပါတယ်)

ဒီလို သိတော့ ဘာဖြစ်သလဲ ဆိုတော့ ဘ၀ရဲ့ ရသ ပျက်ပါတယ်။ ဘ၀အပေါ် ကျေနပ်မှု လျော့နည်း လာပါတယ်။ ဘ၀အပေါ် အကောင်းမြင်မှုတွေ နည်းလာရပါတယ်။ အကောင်းမြင်စိတ် နည်းပါးလာရင် ခုခံအားစနစ် တစ်မျိုး ဖြစ်တဲ့ Cellular-mediated Immunity ကျဆင်းလာတာကို တွေ့ရှိ အတည်ပြု ပြီး ဖြစ်ပါတယ်။ အကျယ်သိချင်ရင် http://www.mutdfan.com/viewnews.php?id=6775မှာ ဖတ်ကြည့်ပါ။

ငါကတော့ ရုပ်ဝတ္ထု ပစ္စည်းတွေ ပြည့်စုံနေရင် ဘယ်သူ့မျက်နှာမှ မကြည့်ရလည်း၊ ဘယ်သူနဲ့မှ မဆက်ဆံရလည်း အေးဆေးပဲ ဆိုပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့် လိမ်ညာ ထားပေမယ့် စိတ်အတွင်းထဲက ကိုယ့်ဟာကိုယ်တောင် မသိတဲ့ အလိုမကျမှုတွေဟာ နှလုံးခုန်တဲ့ စည်းချက်၊ သွေးဖိအား၊ ကိုယ်ခံအား စတာတွေ အပေါ် မကောင်းတဲ့ သက်ရောက်မှု ရှိစေလို့ ကျန်းမာရေး ထိခိုက်မှု ရှိလာရတာ ဖြစ်လို့ ဆင်ခြင်၍ မိမိတို့ ဘ၀ရှိ တန်ဖိုးရှိသော ဆက်ဆံရေးများကို အလေးထား နိုင်ကြရန် တင်ပြလိုက်ရပါတယ်။


Admin
Admin

Posts : 82
Join date : 2011-06-11
Age : 26
Location : Mandalay

View user profile http://mmts.forumsmusic.com

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum