ငါးဖမ်း လုပ်သား တစ်ဦး ရေနစ်သေဆုံး

Go down

ငါးဖမ်း လုပ်သား တစ်ဦး ရေနစ်သေဆုံး

Post  emolay on Thu Jun 16, 2011 7:18 am

ပိုက်ကွန် ရေအောက် ငုတ်နှင့် ငြိ၍ ဆင်းဖြုတ်သူ ငါးဖမ်း လုပ်သား ရေနစ် သေဆုံးမှု သုံးခွမြို့ နယ်တွင် ဖြစ်ပွား ခဲ့သည်။ မေလ(၁၇)ရက်နေ့ ည (၁၁) နာရီ အချိန်ခန့် တွင် သုံးခွမြို့၊ အရှေ့ တံခွန်တိုင် ကျေးရွာ အနီး မှော်ဝန်း ချောင်း အတွင်း လူသေ အလောင်း တွေ့ရှိသဖြင့် သုံးခွရဲစခန်းမှ တာဝန် ရှိသူများက သွားရောက် စစ်ဆေး ခဲ့ သည်။ သေဆုံး သူမှာ ကျောက်တန်း မြို့ တာဝန် ကျေးရွာသား အောင်မျိုး (၄၁)နှစ် ဖြစ်သည်။ ၄င်းသည် ယမန်နေ့က သားဖြစ် သူနှင့် အတူ မှော်ဝန်းချောင်းအတွင်း ငါးဖမ်း ထွက်စဉ် ပိုက်ကွန်ရေအောက်အငုတ် ၌ ငြိ၍ရေငုပ်၍ဖြုတ်စဉ် သေဆုံးခဲ့ သည်ဟု ဆိုသည်။ သက်ဆိုင်ရာက သေမှုသေ ခင်း အမှတ်စဉ် (၁၀/၁၁)ဖြင့် အမှု ဖွင့်စစ်ဆေးလျက်ရှိသည်။
avatar
emolay

Posts : 114
Join date : 2011-06-12
Age : 24

View user profile

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum