အာကာသလွန်းပြန်ယာဉ် ချိတ်ဆက်နေသော နိုင်ငံတကာ အာကာသစခန်းပုံ နာဆာ ပထမဆုံးအကြိမ် ထုတ်ပြန်

Go down

အာကာသလွန်းပြန်ယာဉ် ချိတ်ဆက်နေသော နိုင်ငံတကာ အာကာသစခန်းပုံ နာဆာ ပထမဆုံးအကြိမ် ထုတ်ပြန်

Post  ရွှေမန်းမြို့ ကဖိုက်တာ on Wed Jun 15, 2011 3:30 am


အာကာသလွန်းပြန်ယာဉ် ချိတ်ဆက်နေသော နိုင်ငံတကာ အာကာသစခန်း (ISS) ၏ ဓာတ်ပုံကို အမေရိကန် အမျိုးသား အာကာသအေဂျင်စီ နာဆာက ပထမဆုံးအကြိမ် ထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။

ကမ္ဘာမြေပြင်အထက် မိုင် ၂၂၀ အကွာတွင် တစ်နာရီ မိုင် ၁၇၀၀၀ နှုန်းဖြင့် လည်ပတ်နေသော စခန်း၌ မေ ၂၃ ရက်နေ့က အာကာသလွန်းပြန်ယာဉ် အန်ဒဲဗား ချိတ်ဆက် ဆိုက်ကပ်ထားပုံကို ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းဓာတ်ပုံကို အီတလီ အာကာသယာဉ်မှူး ပေါ်လိုနက်စ်ပိုလီ က ရုရှား ဆိုယုဇ်ဒုံးယာဉ်ဖြင့် ကမ္ဘာမြေသို့ အပြန်တွင် ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး ဓာတ်ပုံရိုက်ရ အဆင်ပြေစေရန် အတွက် စခန်းကို ၁၃၀ ဒီဂရီ လှည့်ပေးခဲ့ရသည်ဟု ဆိုသည်။ နာဆာသည် စခန်း ဓာတ်ပုံများကို ယခင်က ထုတ်ပြန်ပေးခဲ့ဖူးသော်လည်း ယာဉ်ချိတ်ဆက်နေသော ပုံပြည့် ရိုက်ကူး ထုတ်ပြန်မှုမှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။
avatar
ရွှေမန်းမြို့ ကဖိုက်တာ

Posts : 20
Join date : 2011-06-15
Age : 27

View user profile

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum