နှစ်စဉ် ပြည်ပသို့ တန်ချိန်တိုးတက်တင်ပို့ နိုင်ခဲ့သော်လည်း ယခင်ဘဏ္ဍာရေးနှစ်တွင် ငါးမြစ်ချင်း တင်ပို့မှုကျဆင်းခဲ့

View previous topic View next topic Go down

နှစ်စဉ် ပြည်ပသို့ တန်ချိန်တိုးတက်တင်ပို့ နိုင်ခဲ့သော်လည်း ယခင်ဘဏ္ဍာရေးနှစ်တွင် ငါးမြစ်ချင်း တင်ပို့မှုကျဆင်းခဲ့

Post  Admin on Mon Jun 13, 2011 12:00 pm

၂၀၀၄-၂၀၀၅ ဘဏ္ဍာရေးနှစ်မှ စ၍ ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်အထိ နှစ်စဉ် ပြည်ပသို့ ငါးမြစ်ချင်းတန်ချိန် တိုးတက်တင်ပို့ နိုင်ခဲ့သော်လည်း ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင်မူ တင်ပို့မှုကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နှစ်စဉ် ပြည်ပသို့ ငါးမြစ်ချင်းတန်ချိန်များ တိုးတက်တင်ပို့နိုင်ခဲ့သော်လည်း ယခင်ဘဏ္ဍာရေးနှစ်တွင် တင်ပို့မှုကျဆင်းခဲ့ရခြင်းမှာဈေးကွက် အကန့်အသတ်ရှိခြင်း၊ ၀ယ်လိုအား နည်းလာခြင်းနှင့် ငွေဈေးနှုန်း အပြောင်းအလဲများကြောင့် ဖြစ်ကြောင်း သိရသည်။

“ငါးမြစ်ချင်း ပြည်ပတင်ပို့မှုက ၂၀၀၄-၂၀၀၅ မှာ မက်ထရစ်တန်ချိန် ၃၁၄၄၄ ဒသမ ၀၂၃ ရှိခဲ့ပါတယ်။ ၂၀၀၉-၂၀၁၀ မှာ မက်ထရစ် တန်ချိန် ၉၄၅၅၈ ဒသမ ၆၈၀ ရှိခဲ့ပါတယ်။ ဒီကြားထဲနှစ်တွေမှာလည်း နှစ်စဉ်တိုးတက် တင်ပို့နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်မှာတော့ မက်ထရစ်တန်ချိန် ၈၅၁၉၄ ဒသမ ၁၂၀ ပဲ ပို့နိုင်ခဲ့တဲ့ အတွက် တင်ပို့မှုကျဆင်းသွားတဲ့ သဘောရှိပါတယ်”ဟု ၎င်းကသုံးသပ် ပြောကြားခဲ့သည်။

“ငါးမြစ်ချင်းက အဓိကအရှေ့ အလယ်ပိုင်းနိုင်ငံတွေကို သွားနေတာ။ ဒါပေမယ့် အဲဒီကနိုင်ငံသားတွေစားတာ မဟုတ်ဘဲ အလုပ်လာလုပ်တဲ့ ဘင်္ဂါလီလူမျိုးတွေ အစားများတာဖြစ်ပါတယ်။ ဒီလိုဈေးကွက်ကလည်း အကန့်အသတ်ရှိတယ်။ ဈေးနှုန်းကလည်း သိပ်မရဘူး။ တစ်ကီလိုဂရမ် ဈေးနှုန်းချင်းယှဉ်ရင်တောင် ငါးမြစ်ချင်းက တခြားရေထွက်ကုန်တွေလောက် ဈေးမရပါဘူး။ ပြည်ပတင် ပို့မှုအပိုင်းက ဒီလိုရှိနေချိန်မှာ ပြည် တွင်းက ငါးမွေးမြူသူတွေကလည်း တိုးမြှင့်ထုတ်လုပ်နေတဲ့အချိန် ဖြစ်နေတဲ့အတွက် ရောင်းလိုအားနဲ့ ၀ယ်လိုအား မမျှတဲ့သဘော ဖြစ်သွားတာပါ။ ဒါ့အပြင် အရည်အသွေးပိုင်းတို့ ငွေကြေးနှုန်းထား အပြောင်းအလဲတွေကြောင့်လည်း ငါးမြစ်ချင်းတင်ပို့မှု က ဒီလို အနေအထားဖြစ်ရတာပါ။ အခုတော့ ငါးမွေးမြူရေးသမားတွေ အနေနဲ့ ငါးထည့်သွင်းမွေးမြူမှု လျော့နေတယ်လို့ သိရပါတယ်” ဟု ရေထွက်ပစ္စည်း ပြည်ပတင်ပို့သည့် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံတွင် ငါးမွေးကန် ဧက နှစ်သိန်းကျော်ရှိပြီး ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါးသိုင်းခေါင်းပွ၊ ငါးတန်၊ ရေချိုငါးမုတ်၊ တီလား ပီးယား၊ ထိုင်းငါးခုံးမကြီး၊ မြက်စား ငါးကြင်းနှင့် ရွှေဝါငါးကြင်းတို့ကို မွေးမြူထားပြီး ငါးမြစ်ချင်းမွေးမြူမှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

ငါးမြစ်ချင်းပြည်ပတင်ပို့မှု (မက်ထရစ်တန်)
ဘဏ္ဍာရေးနှစ်
တင်ပို့မှု
၂၀၀၄-၂၀၀၅
၃၁၄၄၄.၀၂၃
၂၀၀၅-၂၀၀၆
၄၂၈၁၆.၉၄၄
၂၀၀၆-၂၀၀၇
၅၉၆၄၅.၅၈၂
၂၀၀၇-၂၀၀၈
၆၅၆၅၂.၈၄၅
၂၀၀၉-၂၀၁၀
၉၄၅၅၈.၆၈၀
၂၀၁၀-၂၀၁၁
၈၅၁၉၄.၁၂၀

ELEVEN MEDIA GROUP မှကူးယူဖော်ပြသည်...

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 26
Location : Mandalay

View user profile http://mmts.forumsmusic.com

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum